ခရီးသွားတယ်ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး🤔
သင်ရဲ့ ခရီးစဉ်ကို ပျော်ရွှင်စရာခရီးလေးဖြစ်နိုင်ဖို့ သင်ကိုယ်တိုင်ဖန်တီးပေးဖို့လိုပါတယ်🤗🤗
💡သင်ဟာခရီးသွားခြင်းကို ကြိုက်နှစ်သက်သူလား။ ခရီးသွားခြင်းကြောင့် သင့်ကိုယ်သင်တောင်မသိလိုက်တဲ့ အသိအမြင်များ ခံယူချက်များတိုးတက်ပြောင်းလဲလာတတ်ပါတယ်။
🤝ခရီးသွားခြင်းဖြင့် သူငယ်ချင်းသစ်တွေ၊ မိမိနေရာအရပ်ဒေသနဲ့ မတူညီတဲ့ ဘဝနေထိုင်မှုနဲ့ ယဉ်ကျေးမှုအသစ်တွေကို လေ့လာနိုင်ပါတယ်။ လူတွေရဲ့မတူညီတဲ့ဘဝနေထိုင်မှုကိုတွေ့ရှိလာတဲ့အခါ အတုယူအားကျစရာများ တွေ့ရှိနိုင်သလို မိမိဘဝရည်မှန်းချက်နဲ့ ဘဝလမ်းကြောင်းကို ကောင်းကောင်းသိရှိလာပါလိမ့်မယ်။ နိုင်ငံရပ်ခြားကို ခရီးသွားမှမဟုတ်ပါဘူး။ မိမိနိုင်ငံတွင်းမှာထောင် မတူညီတဲ့ လူမျိုးစုများ၊ ဓလေ့များ နဲ့ ယုံကြည်မှုများကို ထူးထူးခြားခြားလေ့လာတွေ့ရှိနိုင်ပါတယ်။ လူနေမှုဘဝများမတူခြားနားသလို ၎င်းတို့ရဲ့လိုအပ်ချက်များကို စာနာတတ်လာပါမယ်။
💪ခရီးသွားခြင်းဖြင့် မိမိကိုယ်ကို အားကိုးတတ်လာမယ်။ ယုံကြည်မှုရှိလာမယ်။ စိတ်ဓါတ်ခိုင်မာလာမယ်။ နိုင်ငံရပ်ခြားသွားမယ်ဆို ဘာသာစကားသစ်တွေလေ့လာနိုင်မယ်။ 👂သင့်နားထောင်နိုင်စွမ်းနှင့် အာရုံစူးစိုက်မှုအားကောင်းလာမယ်။ မိတ်ဆွေသစ်များနဲ့ လူမျိုးသစ်များနဲ့ ပြောဆိုပေါင်းသင်းတတ်လာမယ်။ မမေ့နိုင်တဲ့ အမှတ်တရများနဲ့ အတွေ့အကြုံသစ်များကြောင့် ခရီးသွားရတာကို ပိုမိုနှစ်သက်လာမယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချရဲလာပါမယ်။
👀အခြားအရပ်ဒေသတွေကို ခရီးသွားပြီး ပြန်လာမယ်ဆို မတူညီတဲ့ အလှတရားများနဲ့ ဓလေ့ကိုမြင်ရရုံမက မိမိဒေသရဲ့ အလှတရားရဲ့ တန်ဖိုး နဲ့ ဓလေ့တွေကိုပိုမိုနားလည်လာပါလိမ့်မယ်။ သဘာဝအလှတရားများကို ယခင်ကထက်ပိုမိုချစ်မြတ်နိုးတတ်လာမယ်။ နယ်မြေအသီးသီးရဲ့ သမိုင်းကြောင်းကို ဗဟုသုတအနေနဲ့ လေ့လာသိရှိနိုင်ပါတယ်။
✍️ဒါကြောင့် ခရီးသွားခြင်းဖြင့် ကမ္ဘာပေါ်မှာရှိတဲ့ မတူညီတဲ့ အလှအပများကို မှတ်တမ်းတင်ပြီး ဓလေ့ထုံးတမ်းဗဟုသုတများကိုလေ့လာသိရှိနိုင်ဖို့ ခရီးသွားဖို့ပြင်ဆင်လိုက်ရအောင်